သပြေသီးကောက်

From Wikisource
Jump to navigation Jump to search
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁၅။ သပြေသီးကောက်
184122မောင်ခွေးဖို့ ကဗျာများ — ၁၅။ သပြေသီးကောက်မင်းသုဝဏ်

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မြှော့နက်မဲကြီး တွယ်တတ်တယ်။
မြှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လဲကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse