Jump to content

ဝါခေါင်လဘွဲ့ သဖြန်လေးဆစ်

From Wikisource
183988ဝါခေါင်လဘွဲ့ သဖြန်လေးဆစ်ဖိုးသူတော် ဦးမင်း

ထက်အာကာ ဘုံစွန်းက
တောက်ထွန်းလို့ ထိန်ဝါ
သရဝဏ် ရွှေကြယ်မင်း
လင်းတဲ့ချိန်ခါ။

လေညှင်းငယ်လာ
သိဟ်ရာသီမို့
ရှုတိုင်းငယ် ဘယ်ညာက
ပန်းခတ္တာ ဝတ်မှုံကျင်းတယ်
သင်းပျံ့လှိုင်လို့။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.