Jump to content

ဝဋ်ကြွေးငယ်တင် ဒွေးချိုး

From Wikisource
ဝဋ်ကြွေးငယ်တင်
by နတ်မောက် ဦးကြော့
184189ဝဋ်ကြွေးငယ်တင်နတ်မောက် ဦးကြော့

ဝဋ်ကြွေးငယ်တင်
လွတ်ရေး ဘယ်မမြင်ဘု
ကိုယ်တွင်တရား။

မချိသူ
သတိအနိုင်မူရတော့
ဝိဋဋူ သာကီသတ်စဉ်က
စောမြတ်စွာ ကိုယ်တော်တိုင်မှ
မကယ်နိုင် သို့စဉ်တုန်းကကွယ်
ဘုန်းအရှိသား။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.