Jump to content

လှည်းယဉ်တော်ကြွကြွ

From Wikisource
လှည်းယဉ်တော်ကြွကြွ
by ဦးရာကျော်
184285လှည်းယဉ်တော်ကြွကြွဦးရာကျော်

ပွဲဆင်တော် ပြသပေးရန်မို့
လှည်းယဉ်တော် ကြွကြွလေးရယ်နဲ့
မမလေးကိုတဲ့ လိုက်ဖို့ခေါ်။

တချို့ကချောသနဲ့
တို့တောနယ် ရွာတစဉ်မှာတော့
မြို့ကျောဖွယ် တန်ဆာဆင်ကြပုံက
အပြာတွင် မဲရောင်ခရမ်းရယ်နဲ့
ပဝါဆင် ဖဲစောင်မှ ဆန်းတယ်လို့
ထာဝစဉ် ပွဲဘောင်ကို မြန်းကြတယ်
ကဲ ပြောင်းခန်းဖေါ်တယ်နော် ကွယ်
လှည်း ဆောင်းပန်းပေါ်။

တူပြိုင်ကာ နှစ်ယောက်တဲပါလို့
ချူမြိုင်စွာ ခလောက်ဆွဲတဲ့ပြင်၊
နောက်လှည်းက ရှေ့လှည်းကိုကျော်၊
ဟေ့ဟဲ အော်လို့သောင်းညံကြွေး၊
ကွေ့လွှဲချော်လို့ မောင်းပြန်သေး။

တို့အလျင်
မြို့အဝင် သညာဂုဏ်ကြောင့်
သို့မှပင် မြင်ခါကြုံတော့မယ်လို့
ပျို့သခင် ရင်ပါခုန်တဲ့အောင်
အားအန်ကုန် သိပ်ကွာမဝေးဖို့
ကြွားမာန်ဟုန် ထိပ်ကြားကလေးရယ်နဲ့
နွားကြန်စုံ ပိဿာပေးတို့ကို
မိုးမော့က နှေးမှာကြောင့်
ကြိုးလျော့လို့ပေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.