ရွှေခဲကြက်တူရွေး

From Wikisource
Jump to navigation Jump to search
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁၇။ ရွှေခဲကြက်တူရွေး
184120မောင်ခွေးဖို့ ကဗျာများ — ၁၇။ ရွှေခဲကြက်တူရွေးမင်းသုဝဏ်

ကြက်တူရွေး ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
ညီပုလေးကို စာအံသင်
ရွှေခဲ စာအံသင်။
ညီလေးခင်က စာပြန်တုန်း
ရွှေခဲ စာပြန်တုန်း။
ဝလုံးရေးဘို့ ညီလေးထိုင်
ရွှေခဲ မရေးနိုင်။
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
ရွှေခဲကြက်တူရွေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse