Jump to content

မွန်ရာဇဝင်/အခန်း-၁၅

From Wikisource
မွန်ရာဇဝင် (1785)
ဗညားရန်ခိုက်အကြောင်း
262679မွန်ရာဇဝင် — ဗညားရန်ခိုက်အကြောင်း1785

ထိုမင်း၏ညီ ဗျဂ္ဃရာဇာ ဗညားရန်ခိုက် မင်းပြုသည်။ သည်မင်းသည် နှုတ်ရေးနှင့်သာ ရန်သူတို့ကို အောင်ရသည်။ (ဥပါယ် ၄ ပါးဟူသည်ကား - သာမ၊ ဘေဒ၊ ဓန၊ ဒဏ္ဍ) သည်ဥပါယ်လေးပါးနှင့် အမြဲဆောင်၍ ရန်သူတို့နှင့် အမြို့မြို့ဘာသာကွဲတို့ကပင် သ္မီးကညာ ပို့ဆက်လှာရ၍ ပရိစာဂအများနှင့် ကုသိုလ်ကောင်းမှုကြီးစွာ သိင်္ဂုတ္တရကုန်း၌ရှိသော ဆံတော်စွယ်တော်၊ မြုိ့တွင်ရှိသော ဆံတော်စွယ်တော် အရပ်ဌာနတိုင်းရှိသမျှကို အထက်ကမင်းတို့သည် အမြင့်တော်ရုံသာ စေတီတည်လေသည်။ သည်မင်းလက်ထက်တွင် စေတီတော်ကို အုပ်လွှမ်း၍ ကြီးစွာတည်လေသည်။ ရဟန်းပုဏ္ဏား ပြည်သူအပေါင်းတို့ ငြိမ်းချမ်းစွာဖြစ်အောင် သဒ္ဓါစာဂကြီးမား၍ တရားဆယ်ပါးနှင့် ညီစွာပြုလျက် အသက်အိမ်နိမ့် ၂၉ နှစ်၊ မင်းစည်းစိမ် ၃၂ နှစ်၊ အသက် ၆၁ နှစ်တွင် အနိစ္စဖြစ်သည်။