Jump to content

မောင်မယ်စုံ လေးချိုးလတ်

From Wikisource
မောင်မယ်စုံ လေးချိုးလတ်
by သတိုးသီဟ
184257မောင်မယ်စုံ လေးချိုးလတ်သတိုးသီဟ

ညို့ကုန်းယံ ချောက်နဘေးမှာလ၊
တို့ဘုန်းကံ အလျောက်မွေးရော့ထင့်၊
တခေါက်ပြေးမှဖြင့် မိုးထိုးမယောင်၊
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။

နှစ်ကိုယ်ချို့တာကြောင့်၊
ချိုဘို့တူ နွားပြာအုပ်တွေနဲ့၊
ပျိုတို့လူ ယာမလုပ်တယ်၊
အားထုတ်မယ့် မောင်မှာနော်ကွယ်၊
ဝါးခုတ်တဲ့တောင်။

ဟဲ့ ဆိုကာ ကြိမ်တံမြှောက်မှဖြင့်၊
လှည့်လိုရာ တိမ်ယံရောက်နိုင်ငဲ့၊
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်၊
စားအီအောင်ဗျ ညနေစောင်း၊
အားစည်အောင်ပ ဝစေကြောင်း။

ဆောင်ခွင့်ကိုရွယ်၊
မောင်နှင့်မယ် တူယှဉ်တွဲပါလို့၊
နောင်တင့်တယ် လူမြင်ရဲကာမှ၊
ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊
ပွဲဝင်မယ့် ကျောင်းသူရဲ့ ...
လှည်းယာဉ်နဲ့မောင်း။ ။

မှတ်ချက်

[edit]

စာဆိုနာမည်ကို သတိုးပီယဟု မှတ်သားဖူးပါသည်။ နာမည်ရင်းမှာ ပျဥ်းမနားမြို့ အမျိုးသားကျောင်းဆရာကြီး ဦးချစ်ဖွယ် ဖြစ်ပါသည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.