Jump to content

ဘုန်းမွေ့တော့မယ် သံဝေဂလေးဆစ်

From Wikisource
ဘုန်းမွေ့တော့မယ်
by စလေ ဦးပုည
184282ဘုန်းမွေ့တော့မယ်စလေ ဦးပုည

ပျော်မမွေ့နိုင်ဘု၊‎
‎ဓလေ့ကိုတဲ့ ငြီးတော့တယ်။‎

ကိုင်ပုတီး၊‎
သစ်သီး ညှာအကြွေနှင့်၊‎
မေဓာဝေ* သူတို့ထုံးလို၊‎
ဘုန်း မွေ့တော့မယ်။‎

‎ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊‎
စက်ဆုပ်လို့ မငြိတွယ်၊‎
ဖြတ်မယ်ပ ခင်လေး။‎

ဘာဝနာ၊‎
သစ်နက်ကယ် လျှော်တေဟာနှင့်၊‎
မန်းသေလာ တောင်အကွေ့မှာလ၊‎
‎ယနေ့ပင် တဝါဆိုတော့မယ်၊‎
‎ယဉ်နဂို ညိုညိုနုရယ်၊‎
မင်းသာဓု ပေး။ ။‎


မှတ်ချက်

  • ကာရန်ကိုငဲ့ပြီး "မေဓာဝီ" ကို "မေဓာဝေ" ဟု စပ်ဆိုသုံးနှုန်းထားသည်။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.