ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၅/၂၀၁၄

From Wikisource
Jump to navigation Jump to search
၁၉၆၀ ပြည့်နှစ်၊ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ရန်ပုံငွေအက်ဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ  (2014) 
by သိန်းစိန်

၁၉၆၀ ပြည့်နှစ်၊ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ရန်ပုံငွေအက်ဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၅။)

၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်

( ၂၁၀၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ၁၉၆၀ပြည့်နှစ်၊ ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေကိုရုပ်သိမ်း သည့်ဥပဒေဟုခေါ်တွင်စေရမည်။

၂။ ၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေကို ဤဥပဒေဖြင့်ရုပ်သိမ်း လိုက်သည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်