Jump to content

ပိတောက်ရွှေဝါ လေးချိုး

From Wikisource
ပိတောက်ရွှေဝါ
by နတ်မောက် ဦးကြော့
184276ပိတောက်ရွှေဝါနတ်မောက် ဦးကြော့

လတန်ခူးပေမို့၊
အလှထူးပါဘိ၊
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တန်းသာဖြင့်၊
ဘယ်ပန်းသော်စံမတူဘူ့၊
နန္ဒမူ ဖန်ကူထိပ်မှာလ၊
ပစ္စေကာချွေးတော်သိပ်ရတယ်၊
ဧရိပ်ဆာယာ။

တနှစ်တွင် သည်တလပေပ၊
တလတွင် တရက်ထဲ၊
ခက်ခဲတဲ့ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြစုံမြိုင်တွင်း။

မြူမင်းလွန်ထန်၊
ကြူသင်းတာချိန်ယံမတော့၊
ရွှေဝတ်ဆံငုံတံညှောင့်ကယ်နှင့်၊
ခါသင်္ကြန်ဂိမှန် ရောက်ပြန်တော့၊
သိန်သရေထိန်ဝေလို့ တောက်တဲ့ပြင်၊
လမ်းတလျှောက်သင်းပါဘိ၊
ဆန်းသလောက်မလင်းနိုင်ဘူး၊
ပန်းပိတောက်မင်း။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.