Jump to content

ဒဟတ်ပန်း လေးချိုး

From Wikisource
184275ဒဟတ်ပန်းနတ်မောက် ဦးကြော့

ယဉ်မရိုင်း၊
အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။

လူမရောက်၊
ဂူ ကျောက်ချောင် တောင်ကတုံးမှာ၊
စုရုံးကာ သူတို့ ပေါက်ရှာကြ၊
အခေါက်ဖြူဖြူကလေးရယ်နှင့်၊
အခြောက်ကြူကြူ မွှေးရှာဘု၊
ကျေးငှက် ပျော်စံ။

ဇလပ်ဝါ ခတ္တာ ခ,ပါတဲ့၊
သာတန်ဆောင် ဝါခေါင်လတွင်မှ၊
ပွင့်ဖူးကြ အချိန်မှန်၊
ဝသန္တလေချိုဖျန်း။

ယဉ်မဆုံးနိုင်ဘု၊
ပင်လုံးကုန် ခိုင်ညှာတံမတော့၊
နံ့သာကျံ ဝါ ဖန် နှောပါလို့၊
လောကဓာတ်ခန်းမှာလ၊
ပြောစမှတ် ဆန်းပေရဲ့
တော ဒဟတ်ပန်း။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.