Jump to content

တော်သလင်း

From Wikisource
184061တော်သလင်းမင်းသားကြီး ဦးကျောက်လုံး

တော်သလင်း
ဖော်ကင်းပါလို့ ခွေးတွေအူ။
အိပ်မပျော်တစ်ညလုံး
အုံးကြွက်ကြွက်ဆူ။
ကြောင်ကျားနီဖြူ
မြာချူသည့်တိုက်ပွဲ
တစ်ကောင်ဖင် တစ်ကောင်ဆော်လို့
မြင်မလျော် ရှောင်ကာပြေးရတယ်
ခွေးတို့လွန်ပွဲ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.