Jump to content

တောပန်းများ လေးချိုး

From Wikisource
တောပန်းများ
by နတ်မောက် ဦးကြော့
184274တောပန်းများနတ်မောက် ဦးကြော့

နီနံ့သာဖြူ အတော်ဖက်ပါလို့၊
သည်အငူမော်အတက်မှာလ၊
ကျော်ကရမက်ကယ်က မွှေးလှတယ်။

ဂိမ်အကူးပေမို့၊
ချိန်ဦးဝသန်မှီလို့၊
ဟန်ချီချီ ပျံပုရစ်တွေက၊
ဖူးလှစ်စသွယ်။

ရပ်မြေပြင် သည်အလှဲ့မှာတော့၊
ခတ်ရွှေရင် ပလီခဲ့တာမို့၊
သည်နွဲ့နွဲ့ခိုင် စံပယ်ငယ်၊
မြိုင်လယ်မှ ကြိုင်လှောင်း။

ပေါင်းပင်၊
လက်မောင်းလိမ်လည်တင်လို့၊
ကြိမ်နွယ်သွင် တမည်ရှိပေငဲ့၊
လေနှင်ရာ ငွေစင်အိသကဲ့သို့၊
နှစ်အခြေ ခေတ်ရေထိပြန်တော့၊
ချောင်ငူမှာ တောင်သူတို့ သိရန်ဖို့၊
ဆန်းပွေပိတောင်းတဲ့မှ၊
ပန်းငွေမိကျောင်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.