Jump to content

တပေါင်းလဘွဲ့ လေးချိုး

From Wikisource
တပေါင်းလဘွဲ့
by ဦးပြုံးချို
184229တပေါင်းလဘွဲ့ဦးပြုံးချို

တပေါင်းရယ်တဲ့ မိန်ရာသီ
ရွက်ဟောင်းကို လေနှင်လို့
ပန်တော်ဝင် ရွှေအင်ကြင်းငယ်
သင်းပျံ့ခဲ့ပြီ။

နီတျာ သန္တာနှစ်လိုပ
စီအမြွှာ ညှာသရစ်ကယ်တို့
ဝနာသစ် ပြောင်းခါမှီ
ဆောင်းရာသီရယ်တဲ့ ကုန်းကျွမ်း။

ဘရဂုဏ္ဏီမှာ
တူအညီ သော်တာပြည့်ပါလို့
မျှော်ကြည့်သူ ကြည်ကြည်သာ၍
သည်အခါ ငွေတောင်ဦးမှာလ
သဲစေတီ သဘင်ထူးကို
မြူးလို့ ပျော်ခန်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.