Jump to content

တန်ဆောင်မုန်းလဘွဲ့ လေးချိုး

From Wikisource
တန်ဆောင်မုန်းလဘွဲ့
by ဦးပြုံးချို
184226တန်ဆောင်မုန်းလဘွဲ့ဦးပြုံးချို

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ
ရွှေကျီးညို တာရာနှင့်
ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်
ချမ်းစရာသီ။

လှူကထိန် ခါတော်ပွဲငယ်နှင့်
ခဝဲပွင့် ဝါစီစီ
သာကြည်လဲ့ မြူးရှင်း။

လတန်ဆောင်မှာ
ကြွပြောင်ပြောင် အသရေတင့်ပါဘိ
ရွှေမြင်းမိုရ် ဝါထိန်ထိန်နှင့်
ခါအချိန် မြောက်လေသွေးတယ်
အေးတဲ့ငွေနှင်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.