Jump to content

ကဆုန်လဘွဲ့ လေးချိုး

From Wikisource
ကဆုန်လဘွဲ့
by ဦးပြုံးချို
184220ကဆုန်လဘွဲ့ဦးပြုံးချို

နေနန်းရယ်တဲ့ ဖန်သူရိန်
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြပူရှိန်။

ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ့စွဲ။

ပန်းစံကားဝါ
နန်းဘမယာ ကေသီဆင်လို့
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်းကြတယ်
လွမ်းစရာ့ပွဲ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.