ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဥပက္ခာ ပို့နည်း
(Redirected from ဥပက္ခာ ပို့နည်း)
ဥပက္ခာ ပို့နည်း
ဥပေက္ခာပို့ရာ၌ ပါဠိလို “ကမ္မဿကာ”၊ မြန်မာလို “ကံသာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိသည်။ ကောင်းလဲသူ့ ကံ၊ ဆိုးလဲသူ့ကံ”ဟု ပို့ရသည်။ ဆိုလိုရင်းကားငါက ချမ်းသာအောင် မေတ္တာပို့သော်လဲ သူ့ကံရှိမှ ချမ်းသာမည်။ ငါက သနားသော်လည်း သူ့ ကံရှိမှသာ ဒုက္ခက လွတ်မည်။ သူ ချမ်းသာနေသည်ကို ငါက ဝမ်းမြောက်၍ ဤ စည်းစိမ် ချမ်းသာမှ မလွတ်စေလိုသော်လည်း သူ့ ကံ ရှိမှသာ ဤစည်းစိမ်နှင့် ဤအသက် မြဲနိုင်မည်။ သို့ဖြစ်၍ ငါကြောင့်ကြစိုက်ဖွယ် မလို “ကမ္မသကာပဲ”ဟု ဆိုလိုသည်။