Jump to content

ဝိနယသံခိပ်/အကပ္ပိယ အသားမျိုး

From Wikisource
ဝိနယသံခိပ်လက်စွဲကျမ်း
by လယ်တီဆရာတော်
၉။ အကပ္ပိယ အသားမျိုး
323118ဝိနယသံခိပ်လက်စွဲကျမ်း — ၉။ အကပ္ပိယ အသားမျိုးလယ်တီဆရာတော်

၉။ အကပ္ပိယ အသားမျိုး

၁၀၈။ လူ ခွေး မြင်း ဆင်၊ သစ် ကျား ခြင်၊ ဝံလျှင် အောင်း မြွေမျိုး။
၁၀၉။ ရိုး ရေ သား သွေး၊ အမွေးတို့ပါ၊ မသုံးရာ၊ ဆယ်ဖြာ အသားမျိုး။
၁၁၀။ လူမှာ ထုလ္လစ္စဉ်း၊ အကြွင်းဒုက္ကဋ်၊ ထောပတ်တမူ၊ သားဆီဟူ၊ လူကြဉ်သုံးအပ်ကိုး။
၁၁၁။ ဆင်ခြင်မဲ့ပါ၊ ဆဲ့တစ်ဖြာ၊ အာပတ် အစိတ်မျိုး။
၁၁၂။ သီတင်းငါးရပ်၊ ရည်၍ အပ်၊ မအပ် ထိုအသား။
၁၁၃။ မြင်ခြင်း ကြားခြင်း၊ ယုံမှားခြင်း ကင်းစေ စွန်းသုံးပါး။
အကပ္ပိယအသားမျိုးပြီး၏၊