Jump to content

ဝိနယသံခိပ်/သံဃာဒိသိသ်

From Wikisource
ဝိနယသံခိပ်လက်စွဲကျမ်း
by လယ်တီဆရာတော်
၁၆။ သံဃာဒိသိသ်
323127ဝိနယသံခိပ်လက်စွဲကျမ်း — ၁၆။ သံဃာဒိသိသ်လယ်တီဆရာတော်

၂၀၁။ သာယာစိတ်နှင့်၊ နိမိတ်၌မှု၊ လုံ့လကူ၊ လွတ်မူ သံဃာဒိ။
၂၀၂။ သာယာစိတ်နှင့်၊ ဣတ္ထိကာယ၊ တစ်စစ၊ ထိက သံဃာဒိ။
၂၀၃။ မ ရုပ် တန်ဆာ၊ ရတနာ၊ အစာ စပါးသတ်။
၂၀၄။ လက်နက်ကြိယာ၊ စည်ဘဏ္ဍ၊ အနာမာသမှတ်။
၂၀၅။ သာယာစိတ်ျနှင့်၊ ဣတ္ထိကိုတုံ၊ မေထုန်စကား၊ မဂ်စကား၊ မဂ်စကား၊ ပြောကြား သံဃာဒိ။
၂၀၆။ သာယာစိတ်နှင့်၊ ဣတ္ထိကိုတုံ၊ မေထုန်အလှူ၊ ချီးမွမ်းမူ၊ မှတ်ယူ သံဃာဒိ။
၂၀၇။ မိန်းမယောကျ်ား၊ နှစ်ယောက်အားကို၊ မယားလင်ဖြစ်၊ အောင်သွယ်လစ်၊ စွန်းညစ် သံဃာဒိ။
၂၀၈။ ရဟန်းအားကို၊ ကြား မြင် သင်္ကာ၊ မရှိပါပဲ၊ သာသနာမှ၊ ရွေ့လျောကျအောင်၊ အန္တိမ ပြစ်၊ စွပ် စွဲလစ်၊ စွန်းညစ် သံဃာဒိ။
၂၀၉။ အမျိုးအမည်၊ စသည်ထူးခြား၊ မှုတစ်ပါးကို၊ ကြားမှု မြင်မှု၊ အရင်းပြုလျက်၊ ဝတ္ထုအန္တိ၊ စွပ်စွဲဘိ၊ စွန်းငြိ သံဃာဒိ။
သံဃာဒိသိသ်ပြီး၏၊

----------------------