Jump to content

ဝိနယသံခိပ်/ဝါဆိုခန်း

From Wikisource
ဝိနယသံခိပ်လက်စွဲကျမ်း
by လယ်တီဆရာတော်
၃၃။ ဝါဆိုခန်း
323145ဝိနယသံခိပ်လက်စွဲကျမ်း — ၃၃။ ဝါဆိုခန်းလယ်တီဆရာတော်

၅၂၃။ ပုရိမိကာ၊ ပစ္ဆိမာ၊ နှစ်ဖြာ ဝါကပ်နည်း။
၅၂၄။ ဝါနှစ် လတွင်၊ လဆုတ် တစ်ရက်၊ ဝါကပ် ရက်၊ နှစ်ချက်စဉ်တိုင်းတည်း။
၅၂၅။ ဝါကပ် ကြုံတွေ့၊ တစ်လ ရွေ့၊ ရှေ့သို့တိုးသတည်း။
၅၂၆။ လှည်း လှေ နှစ်ဖြာ၊ နွားခြံ မှာ၊ ဝါကပ် ရသတည်း။
၅၂၇။ ရွာ၌ ကပ်ရာ၊ ရွာ သွားရာ၊ မကွာ လိုက်သတည်း။
၅၂၈။ ဝစီ ဘေဒ၊ အာလယ၊ ဒွယ ဝါကပ်နည်း။
၅၂၉။ စကားပြည့်စုံ၊ မပြည့်စုံ၊ နှစ်ပုံ နှုတ်မြွက်နည်း။

ဝါကပ်ဆိုပုံပါဌ်

ဣမသ္မံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ။
(သုံးကြိမ်ဆိုလေ)

၅၃၀။ ဝဿ ရတ္တိ၊ ဆေဒ ဒွိ၊ ကြောင်းရှိ အသီးသီး။
၅၃၁။ သုံးဆယ့်နှစ်သာ၊ ပါဠိ လာ၊ ဝါပြတ် အကြောင်းတည်း။
၅၃၂။ ညဉ့် ပြတ် ကြောင်းကား၊ အလွန်များ၊ ထင်ရှား ကျမ်းဂန် လာ။
၅၃၃။ သီတင်းသုံးဖော်၊ မိဘသော်၊ မခေါ်သွားထိုက်ပါ။
၅၃၄။ ထို့ပြင်သေသ၊ ကြွင်းသမျှ၊ ပင့်မှသွားထိုက်ရာ။
၅၃၅။ ကပ္ပိယ စကား၊ ပါရှိငြား၊ သွားအပ် သည်ချည်းသာ။
၅၃၆။ လဆန်း ကိုးရက်၊ ဝါပန်ထွက်၊ ပြန်ရက်မရှိပြီ။
ဝါဆိုခန်းပြီး၏၊

--------