Jump to content

မရွှေဖဲ

From Wikisource
184851မရွှေဖဲဒေါက်တာမောင်ဖြူး

ဘယ်သွားနေလဲ မရွှေဖဲ
ဘုရားပွဲကို လှည်းနဲ့ဆို
ဘာဝယ်ခဲ့လဲ မရွှေဖဲ
ပင်နီအင်္ကီျ ယောထမီ
ဘာစားခဲ့လဲ မရွှေဖဲ
ကြာဇံလက်သုပ် မုံ့ဖက်ထုပ်
ဘယ်လောက်ကုန်လဲ မရွှေဖဲ
စက္ကူတကျပ် ငွေတမတ်
ဘာမြင်ခဲ့လဲ မရွှေဖဲ
ဈေးသည်ဈေးဝယ် စုံလို့ကွယ်
ဘာလုပ်သေးလည်း မရွှေဖဲ
ဘုရားရှင်တော် ဖူးပါသော်
အမည်ဘာလဲ မရွှေဖဲ
မကွေးမြို့စွန် မြသလွန်
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.