Jump to content

တပို့တွဲလဘွဲ့ သဖြန်လေးဆစ်

From Wikisource
183994တပို့တွဲလဘွဲ့ သဖြန်လေးဆစ်ဖိုးသူတော် ဦးမင်း

ရာသီချိန် ခါလှောက်လို့
လဲပေါက်ကယ်တဲ့ ပွင့်ညီ
ရွှေဖီနံ့သာနှင့်
ခြောက်ရောင်ဝါ စေတီရင်းမှာ
ဆယ်စင်းလက်စုံကြူး
ဦးမြောက်လို့ချီ။

ငွေနှင်းရယ်စီ
သုံးလီသမယ
ရောင်ဖြိုးဝေစွာပ
မြင့်မြတ်ကယ် သင်္ချာနှင့်
ယုဂန်သာ တောင်တော်စွန့်မှာ
ထွန်းလိမ့်မာဃ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.