Jump to content

ခရုလုံး

From Wikisource
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၂၆။ ခရုလုံး
327075မောင်ခွေးဖို့ ကဗျာများ — ၂၆။ ခရုလုံးမင်းသုဝဏ်

နေမင်းညိုရင် လယ်ကွက်ထဲက
အုတ်အုတ်သဲသဲ ညံစာစာ။
ကောက်စိုက်မတွေ သူ့သံကြားတော့
“လာဟေ့သွားစို့” ဆိုကြရှာ။
ကျောင်းလွှတ်ချိန်မှာ ဒေါင်ဒင်တီးတဲ့
ခေါင်းလောင်းကြီးနှင့် တူလှပါ။
ဘာကောင်လဲကွယ် သိရင်ပြောကြ
တောင်ယာတောက သတ္တဝါ။
ပန်းပေးတယ်ဆို ပြောရအုံးမယ်
ခရုလုံးကွဲ မောင်တို့ရာ။
မှတ်ပါ မှတ်ပါ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.